“ရာသီစာကတက်ရွက်များဈေးကောင်းရ”

Powered by Drupal

ကျောက်ဆည်ခရိုင်အတွင်း၌ သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီစာသီးနှံများ ဖြစ်သော ဗူး ၊ ဖရုံ ၊ ခရမ်းသီးများကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ၎င်းသီးနှံများအနက် အလေ့ကျ ပေါက်ပြီး ဆေးဖက်ဝင်ခံတွင်းမြိန်စေသော ကတက်ပင်များလည်း ပေါက်ရောက်လျက်ရှိပါသည် ။ တန်ခူးလဆန်းမှ စတင်၍ ကတက်ရွက်များထွက်ပေါ်လျက်ရှိပါသည် ။ ကတက်ရွက်နုများကိုခူး၍ ဆန်ဆေးရည်ဖြင့် (၂)ရက်ခန့် စိမ်ပြီး ကတက်ရွက်များ အရောင်ပြောင်းသွားသောအခါတွင် ထမင်းရည်ဖြင့်(၂)ရက်ခန့်စိမ်ပြီး ချဉ်လာသောအခါ ဈေးကွက်အတွင်းသို့ လက်ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီတစ်ဆယ်ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း ၊ ကတက်ရွက်များကို ပေါက်ရောက်သောတောများသို့ သွားရောက်ခူးယူ၍ အချဉ်စိမ် ရောင်းချခြင်းဖြစ်ကြောင်း ၊ ကတက်ချဉ်ပင်သည် တစ်နှစ်ပတ်လုံး ခူးပေးလျှင်အရွက်နုများဝေဆာ လျက်ရှိကြောင်း၊  ကတက်ချဉ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများရရှိကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)