
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက် သီးမှည့် များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
ရှေးအဆိုရှိသည့်အတိုင်း အသားမှာဝက်၊ အရွက်မှာလဖက်၊ အသီးမှာသရက်ဆိုသည့်အတိုင်း စိန်တစ်လုံးသရက်သီးမှည့်သည် အခြားသရက်သီးမှည့်များနှင့် မတူသော အသားနုညံ့သော အမျှင် ကင်းသော၊ အနံ့အရသာမှာ ချိုမွှေးသော၊ အသီးလုံးအပြင်ဘက်တွင် အဝါရောင်ဝင်းဝါတောက် ပသော ၊ အထားခံသော အခြားသရက်သီးနှင့်မတူညီသော ဂုဏ်သတ္တိများရှိသည့်သရက်သီးဖြစ်ပြီး စိန်တစ်လုံးသရက်သည် နေရာတိုင်းတွင်စိုက်မရဘဲ သဘာဝအပူပိုင်းဒေသတွင်သာ စိုက်ပျိုးကြ ပါသည်။ စိန်တစ်လုံးသရက်သည် မေလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ရောက်ရှိပြီး လူကြိုက်များကာ ဈေးကောင်းရရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့်ဈေးနှုန်းများမှာ သရက်သီး အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)