
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက် နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာ များ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ဌာန၏ လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာ စေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများအမြဲမပြတ်ကြိုးစား သင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြား ဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ စီမံရေးရာဌာနခွဲမှ ဒု- ဦးစီးမှူး ဒေါ်ခင်မမမှ ရုံးလုပ်ငန်းအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ရုံးလုပ်ငန်း၏ရည်ရွက်ချက်၊ အဓိပ္ပါယ်၊ ပြီးပြည့်စုံသော ရုံးလုပ်ငန်းများ အကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်၊ စည်းကမ်း၊ အရည်အချင်း၊ ကျွမ်းကျင်မှု၊ ထိုးထွင် တီထွင်လိုစိတ်ရှိမှသာ ရည်ရွယ်ချက်ပြီးမြောက်စေမှာ ဖြစ်ကြောင်း၊ ဝင်စာ/ထွက်စာများ မှတ်ပုံတင်ထား ရှိခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် ဦးစားပေးဆောင်ရွက်ရမည့်အချက်များအား အကျယ်တဝင့် ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)