ပေါင်မြို့နယ်၌ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၂.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၄) ခု၌ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချ လျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများက တားမြစ်ထားသည့် ကုန်ပစ္စည်းများရောင်းချနေမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများရောင်းချနေမှု ရှိ/မရှိ တို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီးသတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဈေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်၊ ဈေးကွက်အတွင်း ရောင်းချခွင့်မပြုသည့် ကုန်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)