
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် ၊ ရွာသစ်ကျေးရွာတွင် ရသာချိုကြက်သွန်ကြော်လုပ်ငန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းလေ့လာ ခဲ့ပါသည် ။ ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိကာ မိသားစုဝင်ငွေတိုးပွား၍ အဆင်ပြေလျက် ရှိကြောင်း၊ ကြက်သွန်ကြော်ရန်အတွက် ကုန်ကြမ်းအား မြစ်သားကြက်သွန်ရွှေဖလားမျိုးကို အခွံခွာပြီး လှီးခြစ်ကာ ဆီသန့်ဖြင့်ကြော်ရကြောင်း ၊ အေးသွားသောအခါမှ အိတ်ဖြင့် တစ်ပိဿာ / ငါးဆယ် ကျပ်သား / နှစ်ဆယ်ငါးကျပ်သား / တစ်ဆယ်ကျပ်သားအထိ ဝယ်ယူကုန်သည်များ စိတ်တိုင်းကျ ထုပ်ပိုးပေးရကြောင်း ၊ နှစ်ဆယ်ငါးကျပ်သား တစ်ထုပ်လျှင်(၆၅၀၀)ကျပ် ၊ တစ်အိတ်တစ်ထုပ်လျှင်
(၂၆၀၀၀)ဈေးဖြင့် ရောင်းချလျက်ရှိရာ တစ်နေ့လျှင်အချိန် (၃၃၀)ပိဿာကျော်ကို လက်လီ / လက်ကားဖြင့် ရောင်းချလျက်ရှိကြောင်း ၊ ရသာချိုကြက်သွန်ကြော်သည် မြစ်သားကြက်သွန်ဖြင့် သဘာဝအတိုင်းကြော်လျက်ရှိကြောင်း ၊ ဓါတုဆေးဝါးများ သုံးစွဲခြင်းမရှိသောကြောင့် ကျန်းမာရေး အရလည်း အထောက်အကူပြု၍ စားသုံးရန်အလွန်ကောင်းမွန်ကြောင်း လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်အောင် ဆီသန့်ဖြင့်ကြော်ထားကြောင်း ၊ ထုပ်ပိုးမှုစနစ် သေချာသပ်ရပ်စွာ ထုပ်ပိုးထား ကြောင်း၊ ကြက်သွန်ကြော်လုပ်ငန်းကို ၂၀၁၃ခုနှစ်မှ စတင်၍ လုပ်သား(၁၀)ဦးဖြင့် တစ်ပိုင်တစ်နိုင် စတင်ရာမှ ယခုလုပ်သား(၁၀၀)ဦးခန့်အထိ ဒေသခံတွေကို အလုပ်အကိုင်တွေ ပေးလာနိုင်တာ (၁၂)နှစ်ရှိပြီဖြစ်ကြောင်း၊ လုပ်သားများနေ့စဉ် ဝင်ငွေအတွက် အလုပ်အကိုင်များ ရရှိစေကာ မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးမြို့-ပြင်ဦးလွင်မြို့၊စစ်ကိုင်းမြို့နှင့် ရန်ကုန်မြို့များသို့ ရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများပါ နေ့စဉ်ဝင်ငွေအတွက် အလုပ်အကိုင်များ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
DOCA(မန္တလေး)