
၁၂.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ “ကုန်အညွှန်းအမှတ်အသားပြည့်စုံမှစိတ်ချယုံကြည်စားသုံးကြ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအကြောင်း၊ ကုန်စည်များတွင် မြန်မာဘာသာနှင့်ဖော်ပြရမည့်အချက်များအကြောင်း၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့်တွဲ၍ဖော်ပြရမည့်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေညွှန်ကြားချက်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ယခု Talk Show အား ကျင်းပပြုလုပ်ရသည့်အကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)