
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၁၁.၅.၂၀၂၅ ရက်နေ့ ကဆုန်လပြည့်နေ့တွင် သာသာနာ့နယ်မြေအတွင်းရှိ မဟာဗောဓိညောင်ပင်အား ကဆုန် ညောင်ရေသွန်းလောင်းပွဲတော်ကျင်းပခြင်းနှင့် ကျေးရွာရပ်ကွက်များတွင် စတုဒီသာကျွေးမွေး ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်များကို မြို့နယ်အတွင်းရှိ ကွမ်ရိုက်၊ ညောင်လန်း၊ ကမာမို၊ မုဒွန်း ကျေးရွာအစရှိသည့် ကျေးရွာများမှ လူငယ်မောင်မယ်များ ကျေးရွာနေပြည်သူများတို့က မိမိတို့ကျေးရွာအတွင်း အဖွဲ့လိုက် တန်းစီကာလှည့်လည်ပြီး မဟာဗောဓိညောင်ပင်များရှိရာ ဘုရားပုထိုးစေတီတော်များ၊ သာသနာ့နယ်မြေအတွင်းရှိနေရာများတွင် ညောင်ရေသွန်းလောင်း ခဲ့ကြသည်။
ထို့နောက် မြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက်အသီးသီးတွင် စေတနာရှင် အလှူရှင် များတို့ကလည်း စတုဒီသာ အဖြင့် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းနှင့် ယင်းနေ့နံနက်ပိုင်းတွင်လည်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ်ဖြင့် ဆွမ်းကြီးလောင်းလှူပွဲများ၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း လှူဖွယ်ဝတ္တုများဖြင့် လှူဒါန်း ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
DOCA(မွန်)