ထားဝယ်မြို့ ပဲစောင်းလျားသီးစျေးနှုန်းစျေးကွက်

Powered by Drupal

     ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့ အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီး ပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက် ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသည်စျေးတွင် အမြဲရှိသော် လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင်ပါဝင်ပါသည်။ တစ်ခါတစ်လေမှသာ  ဝယ်စားတတ် ကြသော်လည်း မကြာမကြာစားသုံးသင့်သော အသီးလည်းဖြစ်ပါသည်။ ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိ ရှိပါသည်။

DOCA(တနင်္သာရီ)