ထားဝယ်မြို့ မေလဒုတိယပတ်အတွင်း စက်သုံးဆီစျေးနှုန်းများကျဆင်း

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စက်သုံးဆီအရောင်းဆိုင်များ၊ ကုမ္ပဏီများ ဖွင့်လှစ်၍ ရောင်းချလျက်ရှိရာ စက်သုံးဆီဈေးနှုန်းအနေဖြင့် ဧပြီလဒုတိယပတ်တွင် စက်သုံးဆီ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၃၃၂၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၅)ကျပ်၊ ဓာတ်ဆီ 92 (၃၁၃၅)ကျပ်၊ ဓာတ်ဆီ 95 (၃၁၈၅)ကျပ် အသီးသီးဖြစ်ခဲ့ပြီး ယခု မေလ ဒုတိယပတ်တွင် ပရီမီယံဒီဇယ် (၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၅၅၀)ကျပ်၊ ဓာတ်ဆီ 92 (၂၉၆၀)ကျပ် ၊ ဓာတ်ဆီ 95 (၃၀၂၀)ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ရာမှ တစ်လီတာလျှင် ပရီမီယံဒီဇယ် (၁၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၁၆၅)ကျပ် ၊ ဓာတ်ဆီ 92 (၁၇၅)ကျပ်၊ ဓာတ်ဆီ 95 (၁၆၅)ကျပ် အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ စက်သုံးဆီများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း အစီအစဉ်ဖြင့် သက်သာသော အထူးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)