
ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါးဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ငါးရံ့ခြောက်များသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ထွက်ရှိခြင်းဖြစ်ပြီး ကျွန်းလှမြို့ နယ် သဖန်းဆိပ်ဆည်မှထွက်ရှိသည့် ရေချိုငါးများကိုသာ ဝယ်ယူရောင်းချကြောင်း သိရှိရပြီး မေလ တတိယပတ်တွင် ကျွန်းလှမြို့၏ ငါးရံ့ဈေးနှုန်းများ အနေဖြင့် ငါးရံ့(အကြီး) တစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ ငါးရံ့(အသေး) တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် (၂၅)ကျပ် သားလျှင် (၅၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။
ငါးရံ့ခြောက်သည် စားသုံးသူပြည်သူများက အသားကျစ်လစ်၍ အရိုးနည်းသည့်အတွက် စားသုံးမှုများသလို ငါးရံ့ခြောက်ကို ငါးဒိုင်များနှင့် ငါးသည်များက ငါးရံ့ကို ကျောခွဲ အခြောက်လှမ်းပြီး ငါးရံ့ခြောက်ကိုလည်း ရောင်းကြခြင်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိယပတ်တွင် ကျွန်းလှမြို့၏ ငါးရံ့ခြောက် ဈေးနှုန်းများအနေဖြင့် ငါးရံ့ခြောက်(အကြီး) တစ်ပိဿာလျှင်(၈၀၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၄၀၀၀၀)ကျပ်နှင့်(၂၅)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(အသေး) တစ်ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀၀ )ကျပ် (၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးသည်ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)