အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းကျဆင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေးမြို့၊ မင်းဘူးမြို့တို့ရှိပွဲရုံများမှ မှာယူရောင်းချသည့်အပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၄၃၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဧပြီလ(စတုတ္ထပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေးအလိုက်) ကျပ်(၅၀၀၀-၅၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက  ယခုတစ်ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၇၀၀-၁၀၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။  ယခုကာလတွင် အာလူးစိုက်ပျိုးသည့်ဒေသများတွင် အာလူးအထွက်နှုန်းများလာပြီး မင်းလှမြို့ အတွင်းသို့ ကုန်ဝင်ရောက်မှုများသောကြောင့် ဈေးနှုန်းမှာကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိ ရသည်။

DOCA(မကွေး)