
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီကို မကွေးမြို့၊ တောင်တွင်းကြီးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပန်းဂေါ်ဖီအပွင့်ကြီး(၁)ပွင့်လျှင် ကျပ်(၃၀၀၀)၊ အပွင့် သေး(၁)ပွင့်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလ(စတုတ္ထပတ်)တွင် ပန်းဂေါ်ဖီ အပွင့်ကြီး(၁)ပွင့်လျှင် ကျပ်(၂၅၀၀)၊ အပွင့်သေး(၁)ပွင့်လျှင် ကျပ်(၁၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီအပွင့်ကြီးနှင့် အပွင့်သေး(၁)ပွင့်လျှင် ကျပ်(၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးထွက်ရှိရာဒေသများတွင် ပန်းဂေါ်ဖီအထွက်နှုန်းများ လျော့နည်းလာသောကြောင့် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)