ညောင်တုန်းမြို့နယ်အတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ၉.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့မဈေး အတွင်းဆန်ဆိုင်များ၊ ရပ်ကွက်မြို့ပေါ် ဆန်ဆိုင်  များ သို့ ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဆန်ပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်ူများက ရောင်းချနေသော ဆန်များဈေးကွက်အတွင်း  ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်လိုအပ်ချက် အပေါ်မူတည်၍ ဆန်များအားသိုလှောင်ပြီး ဈေးကစားမှုမပြုလုပ်ရန်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထုတ်ပြန်ထားသော ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းအမြတ်ဖြင့်သာ ရောင်းချရန်  မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းများရှိ သည်ကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)