မအူပင်ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

   ၉-၅-၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ မအူပင်မြို့ ရပ်ကွက်(၁)နှင့်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား၊ ရပ်ကွက် ၂နှင့် ၃လမ်းဈေးအတွင်း ဆန်ဆိုင်များ ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေ အနေနှင့်သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မအူပင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဧည့်မထ(ဒေသဆန်)၊ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ များကို အဓိကရောင်းဝယ်မှုပြုကြသည်ကိုတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူး များမှ ဆန်ဆိုင်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြု ကြရန်၊ ဈေးကစား ရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ မှတ်ပုံတင်ရန်ကျန်ရှိသော ဆန်တန်ချိန်(၂၅)ဆံ့သို လှောင်ရုံများအား MyRoတွင် မှတ်ပုံတင်ပြီးပါက သက်တမ်းတိုးလုပ်ငန်းများကို ထပ်မံဆောင်ရွက်နိုင်ရန်၊ ဆန်/စပါးသိုလှောင်ထားရှိပါက ရထုတ်ကျန်စာရင်းများကို ဖြည့်သွင်းဆောင်ရွက်ရန်ကိုလည်းကောင်း အသိပေးခဲ့ပြီး  သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် ထုတ်ပြန် ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာ ပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ဧရာဝတီ)