
မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများသည် ၉-၅-၂၀၂၅ ရက်နေ့ နေ့လည်း ၁၄၀၀ နာရီက မြို့ရှောင်လမ်းရှိ AAA ပဲရောင်းဝယ်ရေးလုပ်ငန်းသို့သွားရောက်၍ ပဲရောင်းချနေမှု ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆောင်ရွက်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးဇော်လင်းဦးနှင့် တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းကိုရှင်းလင်းပြီး၊ အရည်အသွေး ပြည့်ဝသောကုန်စည်ရောင်းချနိုင်ရေး၊ အရည်အသွေး၊အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်ပြည့်ဝ စွာရောင်းချရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာရောင်းချရန်၊ သင်လျှော်မျှတသောဈေး၊ အရည်အသွေး ပြည်ဝသော ကုန်စည်များကို ပြည်သူလက်ဝယ်ရောင်းချရန်နှင့်၊ လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များ အကြောင်း ကိုလည်းကောင်း၊ ဥပဒေအရ ကြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အလေး ပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)