မအူပင်မြို့နယ်မှ ရောင်းချနေသော မရမ်းသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အခွန်လွတ်ဈေးတွင် မရမ်းသီးများ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ မရမ်းသီးများသည် ဒေသထွက် နှစ်ရှည်ပင်သီးနှံဖြစ်ပြီး မအူပင်မြို့ ရှေ့ဘက်ကမ်းရှိ နေအိမ်ခြံများတွင် အနည်းငယ်စိုက်ပျိုးထားပြီး နှစ်စဉ် မတ်လနှင့် ဧပြီလ၊ မေလများတွင် ဈေးကွက်ရောင်းတန်းဝင်၍ ရောင်းချကြောင်း သိရသသည်။

     ရောင်းချမှုအနေဖြင့်  မရမ်းသီးအချိ၊ ချိုချဉ်နှင့်၊ အချဉ်သီး ဟူ၍ ၃မျိုးရှိပြီး မရမ်းချို ၁ပိဿာလျှင် ၅၀၀၀/-၊ မရမ်းချိုချဉ် ၄၀၀၀/-၊ မရမ်းအချဉ် ၃၀၀၀/-ဖြင့် ရောင်းချနေပြီး ယခင်နှစ်ဈေးထက် ၅၀၀ကျပ် မြှင့်တက်လာကြောင်း မရမ်းသီးရောင်းချသူများထံမှသိရသည်။ ရန်ကုန်ဘက်မှ ဝင်ရောက်သော မရမ်းသီးများရှိပြီး ရန်ကုန်အဝင် မရမ်းချိုချဉ်သီး ၁ပိဿာလျှင် ၃၈၀၀-၄၃၀၀ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။ ဒီရွာသီးများသည် အိမ်ခြံများတွင် စိုက်ပျိုးထားပြီး တစ်နေ့လျှင် ပိဿာ ၃၀-မှ ၅၀အထိ ခူးယူရောင်းချရကြောင်း ၃လအတွင်း ထွက်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)