မြန်အောင်မြို့ တည်ကုန်းကျေးရွာရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၉.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် မြန်အောင်မြို့၊ တည်ကုန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ် အခြေခံ၍ အာမခံချက်ပေးရမည် ဖြစ်ကြောင်း၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့် အိမ်ထောင်စုတိုင်းကို ရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင် ကျေးရွာများသို့ လာရောက်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)