ဇလွန်မြို့နယ် နွေရာသီအခြေခံအားကစားသင်တန်းသားများအား အသိပညာပေးဟောပြောပွဲ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင် များနှင့်ပူးပေါင်း၍ (၉.၅.၂၀၂၅)နေ့ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ လမ်းမတော် (မ)ရပ်ကွက်ရှိ အားကစားခန်းမတွင် သင်တန်းသား ၉၀ ဦးအား လူငယ်ရေးရာအသိပညာပေး ဟော ပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင် သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်း မရှိ သော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ် လာပါက ပြောဆို တင်ပြတိုင်ကြားခွင့်နှင့်ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက စာပေ၏ အကျိုးကျေးဇူးများအကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကလေးသူငယ် အခွင့်အရေး အချက်(၄)ရပ်အကြောင်းအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၃၀) အချိန်တွင် ဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)