
ဇရစ်ရိုးပင်များသည်ကျေးရွာများတွင် စိမ့်စမ်းရေမှ ဖြစ်ပေါ်လာသောစမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ဇရစ်ရိုးပင်များပေါများစွာပေါက်ရောက်ပါသည်။ ယခုအခါနွေရာသီ ဇရစ်ရိုးများပေါ်ချိန်တွင် ဇရစ်ရိုးပင်မှ ဇရစ်ရိုးနုများကို ဒေသခံများကမိသားစုဝင်ငွေရရှိရေးအတွက် ခူး၍ ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည်ဆူးရှိသောအပင်ငယ်တစ်မျိုးဖြစ်ပြီး အရိုးတံနှင့်အရွက်ပါ (၂)မျိုးစလုံးစား၍ရသောအပင်ဖြစ်သည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များ ပေါများစွာပေါက်ရောက်ပြီး ယခုနွေရာသီတွင် ဇရစ်ရိုးများရှားပါးလာပါသည်။ နွေရာသီဖြစ်သည့် အတွက် ဇရစ်ရိုးများတစ်စည်းလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)