အရောင်းအေးနေတဲ့ပြည်ချင်းဈေးငြိမ်လျက်ရှိ

Powered by Drupal

             ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးကတော့ ယခင် အပတ်ဈေးအတိုင်းငြိမ်လျက်ရှိနေပါသည်။ ဓားလှီးချင်း(ဖတ်)လုပ်ငန်းရှင်တို့နေ့စဉ်ဝယ်ယူမှုနှင့် လက်လီဈေးရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်း(ပွဲရုံ)တွင် အရောင်း အဝယ်  အေးလာတယ်လို့သိရပါတယ်။ ယခုအပတ်ချင်းဈေးမှာ (ပွဲရုံ) ဈေးတစ်ပိဿာ လျှင် အိတ်ဆွဲဈေး (၃၀၀၀)ကျပ်၊ ဖြစ်ပြီး၊ ချင်းသန့် (လက်ကား)ဈေးမှာ (၃၅၀၀-၄၀၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရပါသည်။ လက်လီဈေးများ တွင် ချင်းသန့် တစ်ပိဿာလျှင် (၆၀၀၀-၇၅၀၀)ကျပ်ဈေးတို့ဖြင့်ရောင်းချလျက်ရှိနေသည်။ ဒါးလှီးချင်း (ဖတ်) တစ်ပိဿာဈေး (၅၅၀၀) ကျပ် ဖြင့်လည်းအရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)