သထုံမြို့နယ်တာဝန်ခံသည် စားအုန်းဆီဖြန့်ဖြူးရောင်းချသော လက်ကားကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံ

Powered by Drupal

     ၁၂.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် သထုံခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာန အစည်းအဝေးခန်းမတွင် သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် စားအုန်းဆီဖြန့်ဖြူး ရောင်းချသော လက်ကားကိုယ်စားလှယ်များအား ‌ခေါ်ယူတွေ့ဆုံခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံရာတွင် Lwin Maung Maung ကုမ္ပဏီမှ စားအုန်းဆီလက်ကားကိုယ်စား လှယ် (၆) ဦးနှင့် Mya Ah Kan ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ် (၁) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ် ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန် ပြည့်ဝစွာရောင်းချရန်နှင့် စားအုန်းဆီနှင့်ပတ်သက်၍ အမိန့်နှင့်ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး စားအုန်းဆီကိုယ်စားလှယ်များ စားအုန်းဆီ ရောင်းချရာတွင် ကြုံတွေ့ရသည့်အခက်အခဲများအား တင်ပြလာမှုအပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)