ကန့်ဘလူမြို့နယ်တွင် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖို ချောင်များ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များအား စနစ်တကျချက်ပြုတ်ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်း အချက်အလက်များ ကို အသိပေးဖော်ပြထားခြင်းပြုရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစားအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် အသိ ပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)