“ ကျောက်တန်းမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား (၂၀၂၅)ခုနှစ် မေလ(၉)ရက်နေ့၊ ညနေ (၁၆:၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်မြို့)မှ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)တို့ ပူးပေါင်းအဖွဲ့သည် ကျောက်တန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပေးလျက်ရှိရာ အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)