ဟင်္သာတမြို့နယ် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသော ရေမွှေးနှင့်အဝတ်အထည်အမျိုးမျိုး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၇.၅.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ တက္ကသိုလ်လမ်းမကြီး၊ မြဝတီရပ်ကွက်ရှိ Online စနစ်ဖြင့်ရောင်းချလျက်ရှိသော “အမရာမေ” ရေမွှေးနှင့်အဝတ်အထည်အမျိုးမျိုးရောင်းချသော ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်း ကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)