ပခုက္ကူမြို့ပေါ်တွင် ဘိလပ်မြေဈေးနှုန်းများ ပြန်လည်ဈေးမြင့်တက်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် ဘိလပ်မြေအရောင်းဆိုင်များမှ ဈေးနှုန်းများပြန်လည်မြင့်တက်လျက်ရှိပါသည်။ ပခုက္ကူမြို့ပေါ်တွင် ဘိလပ်မြေအရောင်းဆိုင်များ ဖြစ်သော ငွေသရဖူ၊ ဟိန်းစည်၊ ကျော်၊ မိုးမခ၊ ကံဟိန်း၊ ဒို့တောင်သူ အရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်၊ အယ်ဖာ၊ အပါချီ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။ ဘိလပ်မြေများမှ ကြံ့နှစ်ကောင် ဘိလပ်မြေကို ကျောက်ဆည်ဘိလပ်မြေစက်ရုံ၊ အပါချီဘိလပ်မြေကို တောင်ကြီးနှင့် ပင်းတယစက်ရုံတို့မှ မှာယူရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၂၆၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၆၀၀၀) ဖြစ်၍ ယခင် မတ်လ(စတုတ္ထပတ်)တွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၈၀၀၀)ဖြစ်ပြီး ယခင်တစ်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် တစ်အိတ်လျှင် ကျပ်(၉၀၀၀)ခန့် ဈေးတက်လျက်ရှိပြီး ယခုလို ဈေးနှုန်းမြင့်တက်ရခြင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့်လည်းကောင်း၊ စက်ရုံများတွင် ပစ္စည်း ပြတ်လပ်မှုတို့ကြောင့်ဖြစ်ကြောင်း အရာင်းဆိုင်များမှ သိရှိရပါသည်။

DOCA (မကွေး)