
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့၊ (၁၅း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ကရပ်ပြင်ရပ်တို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် သတ်မှတ်ထုတ်ပြန်ထားသည့် ဆန်စျေးနှုန်းများနှင့်အညီ ရောင်းချနေမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)