မကွေးမြို့နယ်၊ မြေနုကျွန်းကျေးရွာ ကုလားပဲသီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ မြေနုကျွန်းကျေးရွာသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ခရမ်းချဉ်သီး၊ ဘူးသီး၊ ဖရဲသီး၊ သခွာသီးနှင့် မြေပဲ၊ ကုလားပဲသီးနှံတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          မြေနုကျွန်းကျေးရွာ၌ ကုလားပဲစိုက်ဧက(၇၀၀)ခန့်ကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ၂၀၂၅ခုနှစ်၊ မတ်လတွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ကုလားပဲဟော်လန်မျိုးကို ထွန်ကြောင်း ဆွဲအစေ့ချစနစ်ဖြင့် (၂)ဧကခန့်စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၃)တင်းခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်က ကုလားပဲခင်းမှ ထွက်ရှိသည့် ကုလားပဲစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ ထွန်ယက်ခ၊ လုပ်အားခ၊ ရိတ်သိမ်း ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကျပ်(၇)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင် တင်း(၂၀)ထိထွက်ရှိပြီး ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၇၅၀၀၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၈)သိန်းခန့်ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိ သီးနှံပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း ကုလား ပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA (မကွေး)