အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူ ရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေး အလိုက် ကျပ်(၁၄၀၀-၁၈၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မတ်လ(စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၅၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀-၃၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းများတွင် အထွက်နှုန်းလျော့ကျနေပြီ ဖြစ်သောကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မကွေး)