ဧရာဝတီတိုင်းဒေသကြီး ဘိလပ်မြေဈေးကွက် ဧပြီလအတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေဈေးကွက်မှာ ယခုဧပြီလအတွင်း ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း ဈေးကွက်မှသိရသည်။ ဧပြီလနောက်ဆုံးပတ် အတွင်း ကြံနှစ်ကောင်တံဆိပ်ဘိလပ်မြေဈေးမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လတ်လျက်ရှိပြီး ဧပြီလပထမပတ်တွင် ထိုင်းဆင်ဘိလပ်မြေတစ်အိတ်လျှင် ၂၉၀၀၀ ဈေးမှ ယခုနောက်ဆုံး ပတ်တွင် ကျပ် ၃၆၀၀၀ ဖြစ်သွား၍ ဘိလပ်မြေတစ်အိတ်ကျပ် ၇၀၀၀ ဈေးနှုန်း မြင့်တက်၍ ဧပြီလ ဒုတိယ ပတ်တွင် အပါချီဘိလပ်မြေတစ်အိတ်လျှင် ၃၄၀၀၀ ဈေးမှ ယခု နောက်ဆုံး ပတ်တွင် ကျပ် ၃၆၀၀၀ ဖြစ်သွားသည့်အတွက် ကျပ် ၂၀၀၀ ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှလည်း ဘိလပ်မြေအရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များအား ဘိလပ်မြေ ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်၍ မရောင်းချရန်နှင့်သင့်တင်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရေး ဆောင်ရွက်လျက်ရှိပြီး ခရိုင်အလိုက် ဘိလပ်မြေအရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေး၍ ဝယ်ယူသိုလှောင်ခြင်း ၊ ဈေးကစားခြင်းများ မပြုလုပ်ရေး ၊ ဈေးနှုန်းဈေးကွက်များ တည်ငြိမ် ရေးနှင့် ဈေးကွက်အတွင်း ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)