ပုသိမ်မြို့နယ်တွင် စိုက်ပျိုးရောင်းချလျက်ရှိသော မေမြို့ပန်း ဈေးနှုန်းများ

Powered by Drupal

    မေမြို့ပန်းသည် မျိုးစိတ်စုံလင်ပြီး ဒေသအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးများကိုသာ စိုက်ပျိုးလေ့ရှိသည်။ အဖြူ၊ ကြက်သွေး၊ ခရမ်းနှင့် ပန်းရောင်စသည့် အရောင်စုံ ဖြင့် လှပစွာပွင့်သော ဤပန်းမျိုးသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ ဘုရားပန်းအဖြစ် ပူဇော်ခြင်း၊ တရားပွဲနှင့် ဘာသာရေးအခမ်းအနားများတွင် အလှဆင်ခြင်း၊ မင်္ဂလာဆောင်များ၌ အောင်ပန်းအဖြစ် အသုံးပြုခြင်းစသည်ဖြင့် လူကြိုက်များသော ပန်းတစ်မျိုးဖြစ်သည်။

    ၂၀၂၅ ခုနှစ်၊ မေလပထမပတ်အတွင်း ပုသိမ်မြို့နယ်ရှိ ဒေသခံပန်းဈေးများတွင် မေမြို့ပန်း အက်စတာမျိုး (၃/၅)ပင်ပါ တစ်စီးကို ၃,၀၀၀ ကျပ်၊ (၅)စီးပါ တစ်ထုံးကို ၁၅,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အရောင်းအဝယ်စည်ကားနေကြောင်း ပန်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ဒေသခံများအနေဖြင့် မေမြို့ပန်းကို ဘာသာရေးနှင့် လူမှုအခမ်းအနားများအတွက် အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)