ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပဲလုံးဆံဈေးနှုန်း လည်ပတ်မှုအခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအဓိကထုတ်လုပ်သည့်ဒေသဖြစ်သော်လည်း ဆောင်းသီးနှံအနေဖြင့် မြေပဲကို အနည်းငယ်စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဒေသအတွင်း မြေပဲစိုက်ဧက (၅၂,၀၀၀) ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

    ဧရာဝတီဒေသထွက် မြေပဲလုံးဆံသစ်များသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်၍ ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုအခါတွင် ဒေသထွက်ပစ္စည်းများ နည်းပါးလာသဖြင့် ရန်ကုန်နှင့် ပဲခူးမြို့များမှ မြေပဲများကို တင်သွင်းရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ၊ မေလ ပထမပတ်အတွင်း မြို့နယ်အလိုက်ဈေးကွက်များတွင် မြေပဲလုံးဆံ (၁) ပိဿာ လျှင် ၁၃,၀၀၀ ကျပ်၊ (၁၀) ပိဿာ လျှင် ၁၃၀,၀၀၀ ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဒေသခံ ပဲကုန်သည်များထံမှ သိရှိရသည်။

    ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးသူများ၊ ကုန်စည်ပြန်လည်ဖြန့်ဖြူးရောင်းချသူများ၊ အကြော်ဆိုင်များမှ အဓိကဝယ်ယူလျက်ရှိကြောင်း သိရသည်။ မြေပဲဈေးနှုန်းများသည် ယခုလအတွင်း အနည်းငယ်တည်ငြိမ်မှုရှိပြီး နောက်လများတွင် ရာသီအလိုက် ပြောင်းလဲနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

DOCA(ဧရာဝတီ)