ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ထွက်ရှိသော ငါးပိအရည်အသွေး ကောင်းမွန်မှုကြောင့် ဝယ်လိုအားမြင့်တက်နေ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ထုတ်လုပ်သည့် ဒေသထွက်ငါးပိများ အရည်အသွေး ကောင်းမွန်မှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားနေကြောင်း ပုသိမ်မြို့နယ် စားသုံးကုန် ဈေးကွက်မှ ကုန်သည်များက ပြောကြားသည်။

ပုသိမ်မြို့နယ်တွင် ဒေသခံတောင်သူနှင့် ငါးဖမ်းလုပ်ငန်းရှင်များက ရာသီအလိုက် ငါးအမျိုးမျိုးကို အခြေခံပြီး ငါးပိထုတ်လုပ်လျက်ရှိရာ ယခုလတွင်လည်း ငါးပိအရည်အသွေး ပိုမိုကောင်းမွန်လာကာ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။ "ပုသိမ်မြို့နယ်က ငါးပိတွေက အရသာကောင်းမွန်သည့်အတွက်ကြောင့် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေကနေ ဝယ်ယူမှု များနေပါတယ်။ ဒေသခံတွေအတွက်လည်း အကျိုးအမြတ်ကောင်းစေပြီး စီးပွားရေးအထောက်အကူ ဖြစ်စေပါတယ်" ဟု ပုသိမ်မြို့နယ်တွင် ငါးပိရောင်းချသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ပုသိမ်မြို့နယ်တွင် ငါးပိထုတ်လုပ်ရာတွင် သဘာဝနည်းလမ်းများကို အသုံးပြုကာ ကျန်းမာရေးနှင့်ညီညွတ်အောင် ထုတ်လုပ်သည့်အတွက် ပြည်ပဈေးကွက်သို့ပါ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များ၏ အရည်အသွေးနှင့် ဈေးကွက်ဝယ်လိုအား ကောင်းမွန်မှုသည် ဒေသခံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေလျက်ရှိပါသည်။

DOCA(ဧရာဝတီ)