
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ဒေသဖြစ်ပြီး ဒေသတွင်း၌ အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုများလည်း ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808 နှင့် C.P.888 မျိုး များကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (၁) တင်းလျှင် ၃၂၀၀၀ ကျပ်၊ အရည်အသွေးညံ့ဖျင်းသော ပြောင်းများ ကို ၂၉၀၀၀ ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ဒေသတွင်းပွဲစားလုပ်ငန်းရှင်များထံမှ ရရှိသော သတင်းအချက်အလက်များအရ ယခုမေလ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး ဈေးကွက်သို့ ဝင်ရောက်မှုနည်းပါးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
DOCA(ဧရာဝတီ)