
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စတော်ဘယ်ရီသီးများ ရောင်းချလျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးများကို မန္တလေးမြို့ရှိ သစ်သီး ပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။
၂၀၂၅ ခုနှစ် ၊ ဧပြီလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော စတော်ဘယ်ရီသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ အလုံးလှ(၁) ပိဿာလျှင် ၁၈၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၄၅၀၀ကျပ်၊ အလုံးအသေး(၁)ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးသည် အရောင်အသွေးလှပမှုရှိကာ စားသုံးသူ များကို ဆွဲဆောင်လျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးကို အဖျော်ရည်ဆိုင်များ၊ ရွှေရင်အေးဆိုင်များမှ လည်း ဝယ်ယူအသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)