ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဖလံတောင်ဝှေးဈေးနှုန်းအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ဖလံတောင်ဝှေးပင်များကို အခြားစားပင်သီး ပင်များကဲ့သို့ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  ဖလံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော ဩဂဲနစ်စစ် စစ်ဖြစ်ပါသည်။ ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောဒေသများမှ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် အလေ့ကျပေါက်ရောက်သော ဖလံတောင်ဝှေး ပင်၏ အဖျားပိုင်းများကိုချိုးယူ၍ အစည်းလေးများပြုလုပ်ကာ ဖလံတောင်ဝှေးများကို  ကန့်ဘလူ မြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ဖလံတောင်ဝှေး(၁၀)တောင့်တစ်စည်းလျှင်(၅၀၀) ကျပ်၊ ဖလံတောင်ဝှေး(၁၀)တောင့်ပါ(၃)စည်းလျှင် (၁၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ရာသီစာတစ်ခုဖြစ်သည့် ဖလံတောင်ဝှေးအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)