ဆန်စျေးနှုန်းမှန်ကန်စေရေးနှင့် တည်ငြိမ်စေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၅ခုနှစ်၊ မေလ(၉)၇က်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ရှိဆန်ဆိုင်များသို့ ဆန်‌ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စျေးနှုန်းစျေးကွက်နှင့် Consumer Packaging ဖြင့် ရောင်းချမည်ဆိုပါက သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဒေသတွင်းဖြစ် သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)