
မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှ ပဲပုတ် များ ဝင်ရောက်ကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက်ပဲပုတ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အနေဖြင့် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ် အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် မတ်လပထမပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ်(ကာဘိုး)၃၂၅၀၀၀ကျပ်၊ ပဲပုတ်(ရှမ်း) ၂၉၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ကာဘိုး) ၆၁၀၃ကျပ်၊ ပဲပုတ်(ရှမ်း) ၅၄၄၆ကျပ်နှင့် ၅၆၃၄ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ပဲပုတ်(ဗမာ)၁၈၅၀၀၀ကျပ်နှင့် ၁၈၈၀၀၀ကျပ်၊ပဲပုတ်(ရှမ်း) ၁၅၂၀၀၀ ကျပ် နှင့် ၁၆၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ဗမာ)၃၄၇၄ကျပ်နှင့် ၃၅၃၁ကျပ်၊ပဲပုတ်(ရှမ်း) ၂၈၅၄ကျပ် နှင့် ၃၀၀၅ကျပ် တို့ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၂၆၀၀ ကျပ်အထက်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပဲပုတ်ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိပြီး၊စျေးကောင်းရသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)