
မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့်အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာ ဈေးရောင်းနေ့အား ၄-၅-၂၀၂၅ ရက်နေ့ နံနက် (၀၈ : ၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စည်ပင်သာယာဈေးကြီးတွင် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့ ၊ ဆီအသင်းအဖွဲ့နှင့်ဈေး ကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြည် ၃၅၀၀/- ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၈၀၀၀/- ကျပ် ၊ ကြက်ဉတစ်လုံး ၄၅၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သားတစ်ပိဿာ ၂၆၀၀၀/- ကျပ်နှင့် ဆိတ်သားတစ်ပိဿာ ၂၀၀၀၀/- ကျပ်ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင်၍ ဆောင်ရွက်သူထံမှ သိရပြီး ယင်းရောင်းချမှုအစီအစဉ်အား မြင်းခြံမြို့ရှိ မြို့မဈေး ၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)