အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

 

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများ မှတ်ပုံတင်ပါက မြေပြင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ (၂.၅.၂၀၂၅)ရက်နေ့တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ထူထောင်ရေးရပ်ရှိ  “Baby Phoung Phoung Online Business ” လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)