
စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးသိန်းထွန်း(ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေး အတွင်းရှိ အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၆-၅-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super, အစရှိသည့် ကော်ဖီမစ်အမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)