သီရိမာလာစျေးရှိပန်းစျေးကွက်

Powered by Drupal

          မန္တလေးမြို့၊သီရိမာလာပန်းစျေးကွက်တွင်ရာသီဥတုပူပြင်းသည့်အချိန်ဖြစ်၍ပန်းစျေးအနည်း ငယ်မြင့်တက်သွားပြီး အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်း မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်များနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ရှမ်းပြည်နယ်တောင်ကြီးဒေသတို့မှစိုက်ပျိုးသည့်ပန်းများ ဝင်ရောက်မှုများပြား ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် မေလပထမပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းတစ်စီး လက်လီပေါက် စျေးနှုန်း များမှာ ဂန္ဓာမာပန်းကြွေဖြူတစ်စီးလျှင် ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊အရောင်အမျိုးအစားအလိုက် ဂန္ဓာမာ ပန်း အပွင့်သေး  ၂၀၀ဝိ/- နှင့် ၂၅၀ဝိ/-၊ မေမြို့ပန်းရောင်စုံ ၂၅၀ဝိ/- နှင့် ၃၅၀ဝိ/-၊ သစ္စာပန်း ၄၀၀ဝိ/- နှင့် ၄၅၀ဝိ/-၊ လီလီပန်း ၁၅၀၀ဝိ/- နှင့် ၂၀၀၀ဝိ/-၊ သပြေပန်း ၇၀ဝိ/- နှင့် ၁၀၀ဝိ/-၊ အာဆီယံသပြေ ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-၊ နှင်းဆီပန်း ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ကျောက်စိမ်းပန်း ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ညွှန့် ၂၅၀ဝိ/- နှင့် ၃၀၀ဝိ/- သစ်ခွပန်း ၄၀၀ဝိ/-နှင့် ၆၀၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချ လျက်ရှိပြီး၊ ပန်းလတ်ဆပ်မှုအပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)