
ထိုင်းနိုင်ငံသည် အမေရိကန်ထံမှ Liquefied natural gas(LNG) ကို လက်ရှိစာချုပ်ဖြစ်သည့် နှစ်စဉ်တန်ချိန် ၁ သန်းမှ တန်ချိန် ၂.၂ သန်းထိ တိုးမြှင့်ဝယ်ယူမည်ဟု ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira ၏ အဆိုအရသိရပါသည်။ ထိုဝယ်ယူမှုသည် အမေရိကန်ကချမှတ်ထားသော အကောက်ခွန် ၃၆ ရာခိုင်နှုန်းကို လျှော့ကျရန်မျှော်လင့်ချက်ဖြင့် ၎င်းတို့၏ အမေရိကန်ထံမှ ကုန်သွယ်ရေးပိုငွေရရှိမှုကို လျှော့ချရန် အစိုးရ၏ များစွာသောစီမံချက်များထဲမှ တစ်ခုဖြစ်ကြောင်း သိရပါသည်။ အမျိုးသားရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သည့် PTT သည် ၂၀၂၆ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိသော LNG ကို အမေရိကန်ထံမှ နှစ်စဉ် တန်ချိန် ၁ သန်း တင်သွင်းရန် ၁၅ နှစ်စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရပါသည်။ ထိုင်းသည် စွမ်းအင်စက်ရုံများ နှင့် အခြားအသုံးပြုရန်အတွက် နှစ်စဉ် LNG တန်ချိန် ၁၀ သန်းတင်သွင်းလျှက်ရှိပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းကြောင်း သိရပါသည်။ ထိုင်းသည် သဘာဝဓာတ်ငွေ့ ၆၀ ရာခိုင်နှုန်းနှင့် ရေနံ ၉၀ ရာခိုင်နှုန်း တင်သွင်းကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ် လည်းဖြစ်သူ Mr Pichai သည် အမေရိကန်နှင့်ကုန်သွယ်ရေး ဆွေးနွေးမှုတံခါးပြန်ပွင့်သောအခါ ထိုင်းနိုင်ငံက အဆို ပြုမည့် အခြားအဆင့်များကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများသည် အမေရိကန်က ထိုင်းနိုင်ငံအား အခြားမရေရာသောအကြောင်းအရာများကို ဖြေရှင်းရန်တောင်းဆိုခဲ့ပြီးနောက် ဧပြီလ ၂၃ ရက်နေ့က ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးမညီမျှမှုကို ဖြေလျှော့ရန်အားထုတ်မှုအပြင် ထိုင်းနိုင်ငံသည် အမေရိကန်ကများစွာသောနိုင်ငံများကို စွပ်စွဲလျှက်ရှိသည့် ကုန်သွယ်ရေးအားသာချက် ရရှိရန်အတွက် ၎င်းတို့၏ ငွေကြေးကိုဈေးကစားခြင်း မပြုမည့် အာမခံချက်ကို ကမ်းလှမ်း သွားမည်ဟု သိရပါသည်။ ထို့ပြင် Mr Pichai က ညှိနှိုင်းဆွေးနွေးသူများ သည် မူရင်းအသိအမှတ်ပြုတံဆိပ်အတုဖြင့် ကုန်ပစ္စည်းများတင်ပို့မှုပြသနာကို ဖြေရှင်းမည့် ကမ်းလှမ်းချက်ကို အဆိုပြုမည်ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်သို့တင်ပို့မည့်ကုန်ပစ္စည်းများ သည် ပြည်တွင်း content အနည်းဆုံး ၄၀ ရာခိုင်နှုန်းပါဝင်ရမည်ဟု သိရပါသည်။
Reference; Bangkok Post
DOCA(ရန်ကုန်)