ငါးကြင်းဈေးကွက်

Powered by Drupal

     ငါးကြင်းသည် ရေချိုငါးတစ်မျိုးဖြစ်ပြီး ဈေးနှုန်းသက်သာကာ စားသုံးမှုများသော ငါးအမျိုး အစားဖြစ်သည်။ငါးကြင်းသည် ပရိုတင်းဓါတ်ကြွယ်ဝပြီး အဆီနည်း၍ အသားဓါတ်ကြွယ်ဝသည်။ မြင်းခြံမြို့နယ်အတွင်းရှိ ငါးဆိုင်များတွင် ရောင်းချနေသော ငါးကြင်းမျက်ဆံနီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်မှ (၁၅၀၀၀)ကျပ်အထိရှိပြီး၊ ငါးကြင်းဖြူတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ(၁၉၀၀၀) ကျပ်ရှိကြောင်း၊ ငါးကြင်းရွှေဝါတစ်ပိဿာလျှင် (၉၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ဖြင့်လက်လီ လက်ကားရောင်းဝယ်လျှက်ရှိပြီး၊ ငါးအကောင်အကြီးအသေး၊ အရွယ်အစားပေါ် မူတည်ပြီးဈေးနှုန်း များအနည်းငယ်ကွာခြားသည်။ မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ငါးများကို ရန်ကုန်ကြည့်မြင် တိုင် ငါးဈေးကွက်မှ တင်သွင်းပြီးဒေသတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။ ဦးနှောက်နှင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုသော Omega-3 နှင့် Omega-6 fatty  acids များပါဝင်သောကြောင့် နှလုံးရောဂါ ဖြစ်နိူင်ခြေကို လျှော့ချပေးသည်။ ငါးကြင်းများကို ငါးကင်ခြင်း၊ ငါးပြုပ်ခြင်း၊ ငါးပေါင်းခြင်းကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်သော နည်းလမ်းများဖြင့် ချက်ပြုပ်စား သောက်ပါက အာဟာရပြည့်ဝစေပြီး အဆီနည်းသောငါးဖြစ်သည့်အတွက် ကိုယ်အလေးချိန် ထိန်းသူများ စားသုံးသင့်ပါကြောင့် အရည်အသွေးမြင့်ပြီး သဘာဝအတိုင်း မွေးမြူထားသော အော်ဂဲနစ် ငါးကြင်းများကို ရွေးချယ်စားသုံးသင့်ပေသည်။

DOCA(မန္တလေး)