
(၆.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ဦးဆောင်မှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ငြိမ်းမင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးသန်းဦး(အုပ်ချုပ်ရေးမှူး)၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဦးမင်းခန့်ဇော် (ဒုတိယစုံစမ်းရေးမှူး)နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ရွှေ(ဒုကြီးကြပ်ရေးမှူး) တို့ ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များဖြစ်သော Terminal M ရှိ Pro 1 Global၊ ဧရာဝတီနှင့် Kyaw Family ဆိုင်များတွင် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်၊ သံပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ ဈေးနှုန်းလည်း ဝယ်ယူဈေးထက် သင့်တင့်မျှတသော ဈေးနှုန်းများနှင့်သာ ပြန်လည် ရောင်းချနေပါကြောင်း၊ ပစ္စည်းများကိုလည်း သိုလှောင်ထားခြင်းများ မရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)