စားအုန်းဆီကဏ္ဍကို အကာအကွယ်ပေးနိုင်ရေး အမေရိကန်နိုင်ငံနှင့် အကောက်ခွန်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရန် မလေးရှား ပြင်ဆင်

Powered by Drupal

     မလေးရှားနိုင်ငံ၊ စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးဌာန (KPK) သည် ကုန်စည်ကဏ္ဍ အထူးသဖြင့် စားအုန်းဆီ၏ အကျိုးစီးပွားကို ကာကွယ်ရန်လိုအပ်သည့်အတွက် အမေရိကန်နိုင်ငံ၏ တရားဝင်အကောက်ခွန်စည်းကြပ်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းမှုများကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း The Sun  သတင်းဌာနက ၂-၅-၂၀၂၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

     အမေရိကန်ပြည်ထောင်စုသည် မလေးရှား၏ စားအုန်းဆီ ထုတ်ကုန်ပစ္စည်းကို အများဆုံး ဝယ်ယူသည့်နိုင်ငံမဟုတ်သော်လည်း  ပို့ကုန်တင်ပို့မှုပိုင်းတွင် အရေးပါပြီး ဗျူဟာမြောက် ပို့ကုန် တန်ဖိုး ရှိနေကြောင်း စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးဌာန ဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့သည်။ လက်ရှိကာလတွင် မလေးရှား၏ စားအုန်းဆီ အများဆုံး တင်ပို့ရသည့် စျေးကွက်များမှာ ဥရောပ၊ အိန္ဒိယနှင့် တရုတ်တို့ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။

   ရှေ့လာမည့် စေ့စပ်ညှိနှိုင်းပွဲများတွင် အသုံးပြုရန် သက်ဆိုင်သည့် အချက်အလက်အားလုံး ကို ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန (MITI) သို့ ပံ့ပိုးပေးထားပါကြောင်း၊  ဥပမာ အားဖြင့် အမေရိကန်သည် အဓိကဝယ်သူမဟုတ်သော်လည်း ယင်းဈေးကွက်သို့ နှစ်စဉ် စားအုန်းဆီ တန်ဖိုး ရင်းဂစ် ၄.၉ ဘီလီယံခန့် တင်ပို့နေရဆဲဖြစ်၍ စားအုန်းဆီနှင့်ပတ်သက်၍ အချက်အလက် များကို ပံ့ပိုးပေးထားကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်ကို လျစ်လျူရှု၍မရ နိုင်ကြောင်း၊ စားအုန်းဆီအပြင် ရော်ဘာလက်အိတ်များတန်ဖိုး ရင်းဂစ် ၁.၆ ဘီလီယံ၊ သစ်အချော ထည်တန်ဖိုး ရင်းဂစ် ၈ ဘီလီယံကျော်နှင့် ကိုကာစေ့ထုတ်ကုန်များတန်ဖိုး ရင်းဂစ် ၁.၆ ဘီလီယံတို့ အပါအဝင် အမေရိကန်သို့ ကုန်ပစ္စည်းတင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ရင်းဂစ် ၂၀ ဘီလီယံမှ ၂၁ ဘီလီယံအထိ ရှိပါကြောင်း၊  ယင်းကိန်းဂဏန်း အချက်အလက်များက ကမ္ဘာတစ်ဝန်းသို့ နှစ်စဉ် တင်ပို့လျက်ရှိသော  စုစုပေါင်းရင်းဂစ် ၁၈၆ ဘီလီယံခန့်ရှိသည့် အမျိုးသားကုန်စည်ကဏ္ဍအတွက် စေ့စပ်ညှိနှိုင်းမှုများမှာ အရေးကြီးသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်းဖြင့် မလေးရှား စားအုန်း ဆီဘုတ်အဖွဲ့ (MPOB) ၏ ငွေရတု နှစ်ပတ်လည် ညစာစားပွဲတွင် ဝန်ကြီး Mr. Johari က ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။

     မလေးရှားနိုင်ငံ အနေဖြင့် စားအုန်းဆီ ထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် လက်ရှိကာလ၌ အကောက်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်မှုကို ကြုံတွေ့လျက်ရှိပြီး နောက်ထပ် တိုးမြှင့်၍ ၂၄ ရာခိုင်နှုန်း စည်းကြပ်ခံရမည့် အခြေအနေရှိကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီသည် အလားတူ လက်ရှိအကောက်ခွန် ၁၀ ရာခိုင်နှုန်းနှင့် နောက်ထပ် တိုးမြှင့်၍ ၃၂ ရာခိုင်နှုန်း ကောက်ခံ မည့် အစီအစဉ်နှင့် ရင်ဆိုင်နေရကြောင်း၊ အမေရိကန်၏ ယခုအကောက်ခွန်ကိစ္စတွင် မလေးရှား သည် အင်ဒိုနီးရှားထက် အနည်းငယ် အားသာချက်ရှိပါကြောင်း၊ သို့သော် မလေးရှားအနေဖြင့် ဤ အချက်ဖြင့် ကျေနပ်နေရန် မဟုတ်ကြောင်းနှင့် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေးကို လည်း ဆက်လက်ခိုင်မာအောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အမေရိကန်ဈေးကွက်ကို ကျော် လွန်၍ ကြီးမားသောဝယ်လိုအားနှင့် စျေးကွက်စွမ်းရည်ရှိသည့် ကမ္ဘာတစ်ဝှမ်းရှိ အဓိကဝယ်လက် များနှင့် ထိတွေ့ဆက်ဆံမှုနှင့် သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ် ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

      အစောပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (MITI) က အမေရိကန် ပြည်ထောင်စုနှင့်တရားဝင်အကောက်ခွန်ဆိုင်ရာ ဆွေးနွေးပွဲများတွင် မလေးရှားနိုင်ငံ၏ ကုန်သွယ် ရေးကဏ္ဍ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ms. Mastura Ahmad Mustafa အား ဦးဆောင် စေ့စပ်ညှိနှိုင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ကြောင်း ကြေညာထားခဲ့ပြီး အမေရိကန်နိုင်ငံဘက်ကမူ လက်ထောက် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်က ဦးဆောင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

      မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Tengku Datuk Seri Zafrul Abdul Aziz ၏ အဆိုအရ စေ့စပ်ညှိနှိုင်းမှုသည် အကောက်ခွန်လျှော့ချရေးနှင့် အကောက်ခွန် မဟုတ်သည့် ကုန်သွယ်မှုအတားအဆီးများကို ဖြေရှင်းရေး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ အပါအဝင် လက်ရှိအမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိသည့် မလေးရှားနှင့် အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်မှု မညီမျှကို ဖြေရှင်းဆောင်ရွက်ရန် မျှော်လင့်ထားသည်ကို သိရှိရပါကြောင်း The Sun  သတင်းဌာန၏ သတင်းဖော်ပြချက်ကို တင်ပြအပ်ပါသည်။

Source: The Sun , 2nd May 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)