စောင်ချမ်းချဉ်ဈေးကွက်

Powered by Drupal

            စောင်ချမ်းသီးချဉ်(သို့)ချဉ်ဖတ်သည် မြန်မာ့ရိုးရာ အချဉ်ဖောက်ထားသော အစားအစာ တစ် မျိုးဖြစ်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသည်။ အချဉ်ဖောက်ထားသော အစားအစာ ဖြစ်သည့်အတွက် အကျိုးပြုဘက်တီးရီးယာ(Probiotics)များသည် ကိုယ်ခံအားစနစ်ကို အားကောင်း စေပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ အူမကြီးကျန်းမာ ရေးကို မြှင့်တင်ပေးခြင်း၊ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး လူ့ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ အတွက် အထောက်အကူပြုသည်။

            မြင်းခြံမြို့နယ်အတွင်းရှိ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ဈေးများတွင် ရောင်းချနေ သော စောင်ချမ်းချဉ် ၂၅ ကျပ်သားလျှင် (၄၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဒေသအတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရသည်။ အမျှင် ဓာတ်နှင့်ပိုတက်ဆီယမ်ကြွယ်ဝသဖြင့် သွေးတိုးကျစေပြီး နှလုံးရောဂါအန္တရာယ်ကို လျော့ချပေးနိုင် သည်။ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်သော စောင်ချမ်းချဉ်ဖတ်ကိုသာ ရွေးချယ် စားသုံးပါက ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဓာတ်များစွာပါဝင်သော စောင်ချမ်းချဉ်ကြော်ကို မြန်မာတို့၏ထမင်းပွဲများတွင် ဟင်းလျာအဖြစ် ထည့်သွင်းစားသုံးကြကြောင်းသိရှိရသည်။

DOCA(မန္တလေး)