
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်တွင် နွေရာသီနှင့် လိုက်ဖက်သည့် သဘာဝကြံရည်ချိုချိုလေးများ ရောင်းချနေကြောင်း သိရသည်။
နွေပူပူနှင့် ကြံရည်အေးအေးလေးက လိုက်ဖက်ပြီး စိတ်ကိုကြည်လင် လန်းဆန်းစေသော ကြောင့် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်တွင် ရောင်းချနေသော ကြံရည်ဈေးနှုန်းမှာ ခွက်ကြီး(၁)ခွက်လျှင် (၈၀၀)ကျပ်၊ (၂)ခွက် လျှင် (၁၅၀၀)ကျပ်နှင့် ခွက်သေး(၁)ခွက်လျှင် (၆၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ သဘာဝအရသာ အတိုင်း ပြုလုပ်ရောင်းချခြင်းဖြစ်ကြောင်း ကြံရည်အတွက် လိုအပ်သည့်ကုန်ကြမ်း ကြံချောင်းများကို ကန့်ဘလူမြို့နယ် နတ်အင်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ဝယ်ယူရကြောင်း ကြံရည်ရောင်းချ သည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)