
စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးရှိဝန်ထမ်းများသည် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီး လမ်းရှိ ဒေါ်ဥမ္မာကျော်၏ Ready Made ထမင်းသုပ်၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲလုပ်ငန်းသို့ လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏ ထက်အောင် ဆန်ပွဲရုံနှင့် ဥသျှစ်ပင်ဈေးရှိ ဒေါ်ခင်သန္တာ၏ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ် (၃) ရပ်ကွက်ရှိ ဒေါ်နီလာ၏ စမ်းသော်တာ ကုန်မျိုးစုံဆိုင်နှင့် အမှတ် (၅)ရပ်ကွက်ရှိ ဦးဇော်မင်းဦး၏ ဘိလပ်မြေ ရောင်းဝယ်ရေးလုပ်ငန်းသို့ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)