ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား ခေါ်ယူတွေ့ဆုံခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် စားအုန်းဆီကိုယ်စားလှယ်များအား (၇.၅.၂၀၂၅)ရက်နေ့ နေ့လည်(၂:၀၀)နာရီ အချိန်တွင် ဒု-တိုင်းဦးစီးမှုးမှ ခေါ်ယူတွေ့ဆုံ၍ စားအုန်းဆီထုတ်ယူမှုကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ဗွီနိုင်းချိတ်ဆွဲထားရှိနိုင်ရန် လည်းကောင်း၊ ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနေခြင်း ရှိ/မရှိ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီသယ်ယူမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက်အလက်များကို ဆီကိုယ်စားလှယ်များအား ဆွေးနွေးပြောကြားခဲ့ပြီး လက်လီ/လက္ကားရောင်းချ နေသောဆိုင်များတွင် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချ ကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချ ကြရန်၊ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်း ပြောကြားပြီးစားအုန်းဆီ လက်လီ/လက္ကားရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီ ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ ပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီဆိုင် ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)