လွိုင်ကော်မြို့သီရိမင်္ဂလာဈေးရှိ ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

        စားဖိုဆောင်ဟင်းသီးဟင်းရွက်ဖြစ်သော ဂေါ်ရခါးခေါ်(စူကာသီး)နှင့် ဂေါ်ရခါးညွန့် (စူကာညွှန့်)သည် ဒေသအတွင်းအနည်းငယ်သာ ထွက်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ အောင်ပန်းနှင့် ပင်လောင်းတို့မှ တဆင့်ဝယ်ယူရောင်းချလျက်ရှိပါသည်။ ကုန်စိမ်းများသည် နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခု မေလပထမပတ် ဈေးကွက်တွင် ဝင်ရောက်သော စူကာသီး များမှ အလုံးလတ် အနေတော်အရွယ် တစ်လုံး လျှင်ကျပ် (၅၀၀)၊နှင့် စူကာညွှန့် တစ်စည်းလျှင် (၁၀၀၀) ကျပ်မှ ၁၂၀၀ ကျပ် ၊ ကန်စွန်းရွက် (၁)စည်းလျှင် (၅၀၀) ကျပ် ၊ မုန်းညှင်းဝါ (၁)စည်း (၅၀၀)၊ ပန်းဂေါ်ဖီ (အဖြူ) အပွင့်သေး (၁)ပွင့်လျှင် ကျပ် (၁၀၀၀) ၊ အပွင့်(လတ်) တစ်ပွင့် လျှင်ကျပ် ( ၁၅၀၀ ) ၊ ပန်းဂေါ်ဖီ (အစိမ်း) အပွင့် သေး(၁)ပွင့်လျှင် (၂၀၀၀)ကျပ် ၊ ဂေါ်ဖီထုပ် အကြီး(၁)ထုပ်လျှင်(၂၀၀၀)ကျပ် ၊ အသေး (၇၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း ဟင်းသီး ဟင်းရွက်ရောင်းချသူဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(ကယား)